:include data='blog' name='google-analytics'/>

Friday, July 24, 2015

သွားကိုက် သွားနာသူတွေအတွက် ဆေးကောင်းတလက်၊

Ashin Kumara Nagarjuna's photo.
Ashin Kumara Nagarjuna's photo.

သွားကိုက် သွားနာသူတွေအတွက် ဆေးကောင်းတလက်၊
အနာနဲ့ ဆေး တည့်အောင်ပေး ပျောက်ရေးမခက်ပါ၊
မနေ့ က တနေကုန်သွားကိုက် သွားနာဖြစ်လို့ ဘာမှမဝါးနိုင်ပဲမြိုချရ
ကျန်းမာခြင်းရဲ့...တန်ဘိုးကို မကျန်းမာဖြစ်ခါမှသိရ။
နာဂဇုနတက္ကသိုလ်ရှိ နောင်တော်ကြီးဦးကောဝိဒ ရဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆေးပေးမှုနည်းလမ်းပေးမှုကြောင့် ခုတော့ သွားကိုက်ရောဂါကယူပစ်လိုက်သလိုပျောက်သွားပါပြီ မိမိနဲ့ ဘဝတူတွေ ငွေကြေးမတတ်နိုင်သူတွေအတွက်ခု ဦးဇင်းပြောမယ့်နည်းက ငွေမကုန်ပဲရောဂါပျောက်ကင်းစေပါတယ်။
ဆေးနည်းကတော့
မဟာလှေကားပင် အညာဘက်အခေါ် ၁၂ ရာသီအပင်ရဲ့ အရွက်ကိုခူးပြီး ၃ ခွက် ၁ ခွက်ကျန်အောင်ပြုတ်ပါ ပြီးရင် ပါးစပ်ထဲငုံထားပြီး၅ မိနစ်ခန့် ကြာလျင်ထွေးထုတ် ခနခနလုပ်ပေးပါ ။

သွားကိုက်သွားနာ ဘေးဘယာဝေးကွာပြီး ကာယစိတ္တသုခနှစ်ဖြာ ကျန်းမာ ချမ်းသာ ဘဝခရီးမှာ ပျော်ရွှင်အေးချမ်းကြပါစေ...

No comments:

Post a Comment